Powered By Blogger

Monday, September 17, 2012

အ အာ အား

ကျီးကန်း ...
ည မက်ဆေ့ဘောက်စ်
နက်နက် ထဲ ပြုတ်အကျ

မပိုင်ဆိုင်ခြင်း ရဲ့ မလုံခြုံမှုသေတ္တာ
ဗဒင်နေရာ (၂) အစွန်အဖျားဟာ
ငါ့ အတွက်တော့ ခေတ်မစားခဲ့ဘူး

”ရှင် ဟာ ကျွန်မ မွေးလေ့မွေးထမရှိတဲ့
ကျီးကန်းပြာ တစ်ကောင်ပဲ”

အဲဒီလို ငြင်းဆန်မှုမျိုး
အချစ်ဦးက
ရင်ဘတ်ယွန်းဘူး ထဲ ဖရိုဖရဲ
ထည့်ပေးခဲ့ဖူး

အတိတ်လေ ...
ထပေါက်ပုံက မြွေတစ်ကောင်လို
သေပန်းပွင့်ကျည်ဆန်တဖြစ်လဲ
ရယ်ဒီ မဖြစ်သေးတဲ့ သားကောင်အတွက်
ဘယ်မလဲ ရှောင်ချိန်

မပစ်ပါနဲ့ မပယ်ပါနဲ့ ... မခရေ
အများပိုင် စကားနှလုံးကို
မပယ်ပါနဲ့ မပစ်ပါနဲ့

င့ါကိုယ်တာအဖြစ် ခွဲထည့်
င့ါစကားသံဖြစ် အင်္ဂါများ ဟာ
“ခရေပွင့်မ ... ခင်ဗျား ကို ကျွန်တော် ... ...“

ထိတ်တလန့်လန့် နဲ့ စွံ့အမှု သေတ္တာ

ငါ

   အာ
        အား လိုက်ပါရဲ့ ။ ။





| ကောက်ကွေ့

No comments:

Post a Comment