Powered By Blogger

Monday, September 17, 2012

ဝရံတာ သူခိုး

အိပ်ရာခင်းဘေး
“အိပ်မပျော်သေး“ အိပ်မက်တွေ
နှင်းဆီနက်တွေလို ဖားလျားချလို့
ကော်ဖီပူပူ မှုတ်ထုတ်လိုက်
ဆေးလိပ်ပူပူ မှုတ်သောက်လိုက်
မှုတ်ထုတ်လိုက် မှုတ်သောက်လိုက်နဲ့ပဲ
... ... ...။

အချိုခပ်ပါးပါး နဲ့
Happy Ending ဆေးတောင့် ကို
လူမသိသူမသိ ထွေးထုတ်တဲ့ကောင်
နားကြပ်တွေ နားစည်ကွဲ
သဲသဲမည်းမည်းမိုးထဲမှ
ဖွာလန်ကျဲ အတွေးတစ်စ
ခြေသံမထွက်အောင် “ရုတ်“ ခဲ့တယ် ...
... အမှောင်
မအိပ်သေးတဲ့ လက်တန်းလေးရယ်
ငါ ရယ် ...
ခရေပွင့်မ အိပ်စက်ခြင်းထဲ
ခိုးကြောင်ခိုးဝှက်
စိတ်သင်္ဘောနဲ့ ကမ်းကပ်။

ခန္ဓာ ကို ဒီနေရာမှာတင်
ချွတ်ချ
အိပ်မရတေးအတွက်
သီချင်းအေးအေး “ဖောက်“ ပေးခဲ့တယ်
ငါ က တော့ ခေါင်းလောင်းကြိုးလေးမှာ
တွဲလဲခို
တံခါးများလည်း မျက်ခွံတွေပိတ်
မီးများလည်း ထိုနည်းလည်ကောင်း
ငါ့ စိတ်ကို
ဓာတ်တိုင်တွေ ရိပ်မိပုံပေါ်တယ်။

ဆည်းလည်းသံတွေ ဖူးခဲ့တယ်
လိပ်စာများလည်း ကျွေးခဲ့တယ်။

ခရေပွင့်မ မနက်ခင်းကွင်း ထဲ
“ကော်ဖီခွက်လက်ကိုင်
မျက်နှာသုတ်ပ၀ါ အစွန်းထွက်ချည်စ
လှေကားထစ် တစ်ထစ်
ဘတ်စ်ကား မှတ်တိုင်“
တောင်းဆုတော်တော်များများ နဲ့
ဆုတောင်းတိုင်းလိုလို ပြည့်ခဲ့ရင်
... ... ... ... ... ... ... ။

ကျွန်တော်
၂၆ရက် လွန်မှ အိမ်ပြန်ရောက်မယ် ... အမေ။

ည ကတော့ အူသံတွေ နင်လို့
လမ်း မကတော့ အပျင်းကြော ဆန့်လို့
ငါ ကောင်းကောင်းအိပ်ခဲ့ပါတယ် ၃ နာရီ
အိပ်မက်တွေ ရင်ငွေ့
လှုံ လို့ ပေါ့ ။ ။





| ကောက်ကွေ့

No comments:

Post a Comment